Wednesday, October 12, 2016

KBC မှစုဆောင်းပေးသည့် KIA သင်တန်းဆင်း (၄၉) ဦးအား ဖမ်းဆီးရမိ



KIA သောင်းကျန်းသူအဖွဲ့မှ ၂၀၁၆ ခုနှစ် စက်တင်ဘာ
၁၀ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ထိ ဌာနချုပ်
လိုင်ဇာတွင် ဖွင့်လှစ်သည့် ပြည်သူ့စစ်သင်တန်းအား
တက်ရောက်ပြီး ယာဉ် များဖြင့် ပြန်လည် ထွက်ခွာလာသည့်
အမျိုးသား(၄၃) ဦးနှင့် အမျိုးသမီး (၆) ဦး စုစုပေါင်း
(၄၉) ဦးအား စိန်လုံနှင့် လွယ်ဂျယ်စစ်ဆေးရေးဂိတ်များမှ
ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါသည်။

ဖမ်းဆီး ရရှိသူ (၄၉) ဦးအနက် နေ့လည် ၁၁ နာရီခန့်၌
စိန်လုံ စစ်ဆေးရေးဂိတ်တွင် အမျိုးသား(၉) ဦး၊ အမျိုးသမီး
(၃) ဦး စုစုပေါင်း (၁၂) ဦးနှင့် ကျန် အမျိုးသား(၃၄) ဦးနှင့်
အမျိုးသမီး(၃) ဦး စုစုပေါင်း (၃၇) ဦး တို့အား လွယ်ဂျယ်
စစ်ဆေးရေးဂိတ်၌  တစ်နာရီ အချိန်ခန့်မှာ ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ ဖမ်းဆီးရမိသူ တရားခံအားလုံးမှာ ပူတာအို
ခရိုင်တွင်းမှဖြစ်ကြပြီး ရဝမ် တိုင်းရင်းသား အများစုနှင့်
ဂျိမ်းဖောအနည်းငယ်ပါဝင်ကာ မချမ်းဘောမြို့၊ မန်နူ
နှစ်ခြင်းဘုရား ကျောင်း ဓမ္မ ဆရာထင်ဆိုင်းက မချမ်းဘော
မြို့နယ် ဓမ္မဆရာများမှတစ်ဆင့် ကျေးရွာလူထုများအား
လိုင်ဇာမြို့တွင် ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး
သင်တန်းသို့ တက်ရောက်ကြရန်ဟု ပြောဆို၍
မြစ်ကြီးနားသို့ စည်းရုံး စုဆောင်းခံခဲ့ရတာပါ။

တရားခံများ ပူတာအိုမှ မြစ်ကြီးနားသို့ လာရောက်သည့်
 လေယာဉ် စီးနင်းခအား ပက်ဂျီဆန်အဖွဲ့မှ အကုန်အကျ
ခံပေးခဲ့ကာ မြစ်ကြီးနား-လွယ်ဂျယ်-လိုင်ဇာ ခရီးစဉ်
အတွက်ကိုမူ ဓမ္မဆရာ ထင်စိုင်းမှ အဓိက ဆောင်ရွက်
ပေးခဲ့တယ်လို့ သိရတယ်။

တစ်လကြာသင်ကြားရသည့် သင်တန်းမှာတော့
ကချင်သမိုင်းကြောင်း၊ စစ်ပညာနှင့် လက်နက်ကြီး
သင်ခန်းစာများ၊ မိုင်းထောင် ဖောက်ခွဲခြင်းများပါ
သင်ကြားခဲ့ရပြီး တစ်ဦးလျှင် သေနတ် (၅) တောင့်စီ
လက်တွေ့ ပစ်ခတ်လေ့ကျင့်ခဲ့ရတယ်လို့လည်း သိရှိရ၏။

KIA သောင်းကျန်းသူများဟာ ရဝမ်လူမျိုးများကို မလိမ့်
တပတ်ဖြင့် ဘာသာရေး ဆရာများမှ တစ်ဆင့် ခေါ်ယူခဲ့ပြီး
မိုင်းထောင် ဖောက်ခွဲ ပစ်ခတ်ခြင်းများ သင်ကြားပေးခြင်းမှာ
တိုက်ပွဲများတွင် ဂျိမ်းဖောလူမျိုးများအစား ရဝမ်မျိုးနွယ်စုများ
ကိုပါ ရှေ့တန်းကျကျ အသုံးချရန် ရည်ရွယ်ခြင်းဖြစ်တယ်ဟု
သုံးသပ်ရပြီး ဖမ်းဆီးရမိသူများကိုတော့ စစ်တပ်မှ
တရားဥပဒေအတိုင်း အရေးယူနိုင်ရေး ဆောင်ရွက်
သွားမယ်လို့ သတင်းရရှိပါသည်။

Photo- ဖမ်းဆီးရမိသည့် တရားခံများ
Credit~~~Banmaw news

No comments:

Post a Comment