Monday, October 17, 2016

ဒီနိုင်ငံမှာနေရင် တရားဥပဒေနဲ့ အညီနေရမယ်၊ မနေနိုင်ရင် ထိထိရောက် ရောက်အရေးယူမယ်လို့  ပြည် ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားလိုက်ပါတယ်။


ဒီနိုင်ငံမှာနေရင် တရားဥပဒေနဲ့ အညီနေရမယ်၊ မနေနိုင်ရင် ထိထိရောက် ရောက်အရေးယူမယ်လို့  ပြည် ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားလိုက်ပါတယ်။

ဒီအချိန်မှာ တပ်မတော်နဲ့  ရဲတပ်ဖွဲ့  ပူးပေါင်းပြီး တိုင်းပြည်ကို တစ်လက်မ မှ ကျူးကျော်မခံရအောင် ကာကွယ်မှာဖြစ်ပြီး အဲဒီလို ကာကွယ်ရမှာလည်း ဥပဒေနဲ့  အညီဖြစ်အောင်ဆောင်ရွက်မှာဖြစ်တယ်လို့  ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှာ မီဒီယာတွေနဲ့ တွေ့ ဆုံချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ ကျေးရွာတွေတည်ဆောက်တဲ့အခါမှာ တို့ရဲ့အာဏာစက်အောက်မှာပဲရှိရမယ်။ ဘာလူမျိုးဖြစ်ပါစေ။ ဒို့ နိုင်ငံထဲမှာနေရင် ဒို့ အာဏာစက်အောက်မှာပဲ နေနိုင်ရမယ်။ နေကို နေနိုင်ရမယ်။ မနေနိုင်ရင် ညောင်း ။ ဒို့ နိုင်ငံထဲမှာနေရင် ဒို့ ရဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာပဲနေနိုင်ရမယ်။ တည်ဆဲဥပဒေတွေနဲ့  အညီနေရမယ်။ မနေရင် ထိထိရောက်ရောက်အရေးယူမယ်။ ဒီတစ်ခါတော့ ငါတို့ က ပြတ်ပြတ်သားသားပဲ ” လို့  ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။

ဒါ့အပြင် သူက သည်အဖြစ်အပျက်ကြောင့် ရရှိလာတဲ့ စိန်ခေါ်မှုတွေကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့  အကောင်းဆုံးဖြစ်အောင်ပြန်ပြင်မယ်လို့ ဆက်ပြောပါတယ်။

လောလောဆယ်မှာတော့ မောင်တောမြို့ နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်မှာလည်း  ကွပ်ကဲရေးမှူးအဖြစ် ရဲမှူးချုပ် သူရဆန်းလွင်ကို ပြောင်းလဲခန့် အပ်လိုက်တယ်လို့  သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ အောက်တိုဘာလ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ဆုံးရှုံးခဲ့ပါတယ် ။ နောက်ရက်နယ်မြေရှင်းလင်းစဉ်မှာလည်း တပ်မတော်သား ၅ ဦးကျဆုံးခဲ့ရပါတယ် ။

အကြမ်းဖက်စီး နင်းမှုများဖြစ်ပွားပြီး လုံခြုံ ရေး တပ်ဖွဲ့ဝင်များရဲ့ နယ်မြေရှင်းလင်းချိန်မှာအကြမ်းဖက်သမား ၂၀ ဦးကို အသေဖမ်းမိပြီး ၁၆ ဦးကို အရှင်ဖမ်းမိထားတယ်လို့သိရပါတယ်။ အဲသည်ဖမ်းမိထားတဲ့ အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်မှုမရှိပဲ တရားဥပဒေနဲ့  အညီစစ်ဆေးနေတယ်လို့  သိရပါတယ်။

နယ်မြေရှင်းလင်းရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနက အမှတ်(၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောက ကွပ်ကဲ ဆောင်ရွက်နေပြီး တပ်မတော် (ရေ)အထူးတပ်ဖွဲ့ဝင်တွေကို အင်အားတိုးချဲ့ထားတယ်လို့ သိရပါတယ် ။

No comments:

Post a Comment